test2

[Tuesday, September 27, 2011]

ထာဝရလုံခြုံစိတ်ချမှု

0 comments


ထာဝရလုံခြုံစိတ်ချမှုခံယူချက်ကြောင့်လူတွေက ကယ်တင်ခြင်းစိတ်ချမှုရရှိသော်လည်း မိမိစိတ် ကြိုက်အသက်ရှင်ကြသည်ကို တွေ့ရှိနိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် “အချက်အလက်များ”အားဖြင့်မှန်ကန် သော်လည်း လက်တွေ့မှာမှန်ကန်မှုမရှိပေ။ သခင်ယေရှုရွေးနှုတ်ကယ်တင်ခဲ့ပြီးသောသူများသည် အပြစ်တ ရားထဲတွင် လုံးဝကျင်လည်တော့ကြမည်မဟုတ်ပေ။ ခရစ်ယာန်တစ်ဦးသည် မည်သို့အသက်ရှင်သင့်သည် ကို၎င်း၊ လူတစ်ဦးသည် မည်သို့ကယ်တင်ခြင်းရနိုင်သည်ကို၎င်း ကျွန်ုပ်တို့သည် သေချာစွာပိုင်းခြားသိမြင် နိုင်ရမည်ဖြစ်သည်။

ကယ်တင်ခြင်းသည် သခင်ယေရှုခရစ်တော်ကိုသာ ယုံကြည်ခြင်းအားဖြင့်၎င်း ကျေးဇူးတော်အားဖြင့်၎င်း ရရှိ သည်ကို သမ္မာကျမ်းစာထဲတွင် သေချာစွာဖော်ပြထားပါသည်(ယောဟန် ၃း၁၆၊ ဧဖက် ၂း၈-၉၊ ယောဟန် ၁၄း၆)။ လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို မှန်ကန်စွာယုံကြည်လက်ခံခဲ့ပြီးနောက် ထိုသူသည် ကယ် တင်ခြင်းရရှိပြီး၊ ထိုကယ်တင်ခြင်းသည်လည်း လုံခြုံစိတ်ချမှုရှိသည်။ ယုံကြည်ခြင်းတစ်ခုတည်းအားဖြင့်သာ လျှင် ကယ်တင်ခြင်းမရပေ။ သို့သော် ကယ်တင်ခြင်းရရှိသည်/မရရှိသည်ကို လုပ်ဆောင်ခြင်းအားဖြင့် ထင် ရှားသည်။ တမန်တော်ရှင်ပေါလုက ဂလာတိ ၃း၃ ထဲတွင် ဤအကြောင်းနှင့်ပတ်သက်၍ဖော်ပြထားပါသည်။ သူက “ဤမျှလောက် ပညာမဲ့ကြသလော။ ၀ိညာဉ်တော်ကိုအမှီပြု၍လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ပြီးစေ ကြသလော” ဟုမေးမြန်းခဲ့သည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းရရှိလျှင် ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့် ပြသခဲ့၍ လုံခြုံမှုရှိသည်။ ကျွန်ုပ်တို့သည် ကြိုးပမ်းလုပ်ဆောင် ခြင်းအားဖြင့် ကယ်တင်ခြင်းမရနိုင်ပေ။ ထိုကြောင့်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို မထိန်း သိမ်းနိုင်ကြပေ။ ဘုရားသခင်ကသာလျှင် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို ထိန်းသိမ်းထားသည် (ယုဒ ၂၄)။ ဘုရားသခင်၏လက်ျာတော်က ကျွန်ုပ်တို့ကို ခိုင်မာစွာစွဲကိုင်ထားပါသည် (ယောဟန် ၁၀း၂၈-၂၉)။ မည်သူ မည်ဝါကမှ ဘုရားသခင်၏မေတ္တာတော်နှင့် ကျွန်ုပ်တို့ကို မခွဲခွါစေနိုင်ပေ (ရောမ ၈း၃၈-၃၉)။

ထာဝရကယ်တင်ခြင်းစိတ်ချမှုရရှိခြင်းကို ငြင်းပယ်သောသူများသည် ကောင်းသောအကျင့်ကိုကျင့်ခြင်းနှင့် ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို စောင့်ထိန်းနိုင်သည်ဟု ယုံကြည်သောသူ များဖြစ်ကြသည်။ ကျေးဇူးတော်အားဖြင့်သာလျှင် ကယ်တင်ခြင်းရရှိသည်။ ခရစ်တော်၏ကောင်းမြတ်ခြင်း အားဖြင့်ကယ်တင်ခြင်းရရှိသည်။ ကျွန်ုပ်တို့၏ကောင်းမှုကုသိုလ်ကြောင့်မဟုတ်ပေ(ရောမ၄း၃-၈)။ ထိုသို့ ဖြစ်လျှင်ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကိုနာခံခြင်း၊ ကျွန်ုပ်တို့၏ကယ်တင် ခြင်း စောင့်ထိန်းရန်အတွက် ကောင်းမွန်သောအသက်တာဖြင့်အသက်ရှင်ခြင်းတို့ကို လိုအပ်သည်ဟုဖော်ပြ သောအခါ ကျွန်ုပ်တို့၏အပြစ်အတွက် သခင်ယေရှု၏အသေခံခြင်းသည် မလုံလောက်ပေဟုပြောကြားကာ ကြွေးကြော်ခြင်းဖြစ်သည်။သခင်ယေရှုအသေခံခြင်းသည် အတိတ်ကာလ၊ ပစ္စုပ္ပန်ကာလနှင့်အနာဂတ်ကာ လများတွင်ရှိသောကျွန်ုပ်တို့၏ပြစ်ကြွေးအားလုံးပေးဆပ်ကျေအေးရန် လုံလောက်သည်။ သူ၏အသေခံခြင်း သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းမရမှီအပြစ်များနှင့် ကယ်တင်ခြင်းရပြီးသောအပြစ်များအတွက် ပြစ်ကြွေး အားလုံးပေးဆပ်ရန်လုံလောက်သည် (ရောမ ၅း၈၊ ၁ကော ၁၅း၃၊ ၂ကော ၅း၂၁)။

ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းရရှိခဲ့ပြီးနောက် အပြစ်အားလုံးမိမိစိတ်ကြိုက်ပြုနိုင်သည်ကို ဆိုလိုသလော။ ထိုသို့မေးမြန်းခြင်းသည် မလွန်ဆိုးရွားသောမေးခွန်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာက စစ်မှန်သောခရစ်ယာန်များသည် “သူတို့နှစ်သက်မြတ်နိုး”သည့်အတိုင်းအသက်မရှင်နိုင် ဟုအတည့်အလင်းဖော်ပြထားပါသည်။ ခရစ်ယာန်များသည် အသစ်သော ဖန်ဆင်းခြင်းခံရသောသူများဖြစ် ကြသည်(၂ကော ၅း၁၇)။ ခရစ်ယာန်များသည် ၀ိညာဉ်တော်အသီးများကိုထုတ်လုပ်မည်ဖြစ်သည် (ဂလာ ၅း၂၂-၂၃)။ ခရစ်ယာန်များသည် ဇာတိအသွေးအသားတပ်မက်ခြင်းအားဖြင့်အသက်မရှင်ရပေ (ဂလာ ၅း၁၉-၂၁)။ ၁ယောဟန် ၃း၆-၉ထဲတွင် ခရစ်ယာန်များသည် အပြစ်ပြုခြင်းဖြင့်အသက်မရှင်ရ ဟုဖော်ပြထား သည်။ ကျေးဇူးတော်သည် အပြစ်ပြုရန်အတွက်ဖြစ်သည်ဟု အလွဲသုံးစားပြုနေသောသူများအတွက် တမန် တော်ရှင်ပေါလုက ဤသို့မိန့်ဆိုထားပါသည်။ “ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော် ပွါးများစေခြင်းငှါ အပြစ်တရားကိုကျင့်၍ နေရမည်လော။ ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သောသူသည် ထိုတရား၌အဘယ်သို့ရှင်ရဦးမည်နည်း” (ရောမ ၆း၁-၂)။

ထာဝရကယ်တင်ခြင်းလုံခြုံစိတ်ချမှုသည် အပြစ်ပြုရန်အတွက် လိုင်စင်လက်မှတ်မဟုတ်ပေ။ ၄င်းသည် ခရစ်တော်ကိုယုံကြည်သောသူများအတွက် ဘုရားသခင်၏မေတ္တာတော်ကို အာမခံခြင်း သိရှိခြင်းလုံခြုံမှု ပင်ဖြစ်သည်။ ဘုရားသခင်၏ပြီးပြည့်စုံသောကယ်တင်ခြင်းသိရှိနားလည်သဘောပေါက်ခြင်းသည် အပြစ်ပြု ရန်လိုင်စင်မဟုတ်ကြောင်းကို ပြည့်စုံစွာဖော်ပြထားသည်။ သခင်ယေရှုခရစ်တော်ပေးဆပ်ပေးခဲ့သော တန်ဖိုး ကို သိရှိသောသူများသည် မိမိအသက်တာ၌အပြစ်ပြုခြင်းအားဖြင့် မည်သို့အသက်ရှင်နိုင်မည်နည်း(ရောမ ၆း၁၅-၂၃)။ ဘုရားသခင်ကို ယုံကြည်သောသူများသည် သူ၏နှိုင်းတု၍မရသောမေတ္တာတော်ကို ဘုရားသ ခင်၏မျက်နှာပေါ်သို့ မည်သို့လွှင့်ပစ်နိုင်မည်နည်း။ ထာဝရလုံခြုံစိတ်ချမှုသည် အပြစ်ပြုနိုင်ရန် လိုင်စင်ဖြစ် သည်ဟု ယုံကြည်သောသူများသည် ထာဝရလုံခြုံစိတ်မျမှုမရသောသူများဖြစ်ကြသည်။ သူတို့သည် သခင် ယေရှုခရစ်တော်အားဖြင့် စစ်မှန်သော ကယ်တင်ခြင်းမရသေးသောသူများဖြစ်ပေသည်။ “ကိုယ်တော် ၌တည်နေသောသူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ ဒုစရိုက်ကိုပြုတတ်သောသူမည် သည်ကား၊ ကိုယ် တော်ကို မသိမမြင်ရသေး” (၁ယော ၃း၆)။

လူပုဂ္ဂိုလ်တစ်ဦးသည်

0 comments

လူပုဂ္ဂိုလ်တစ်ဦးသည် တစ်ကြိမ်ကယ်တင်ခြင်းရရှိသောအခါ ထာဝရအတွက် လုံလောက်ပါသလား။ လူတွေက သခင်ယေရှုကို မိမိ ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံလာကြ သော အခါ သူတို့သည် ဘုရားသခင်နှင့်မိတ်သဟာရဖွဲ့ကာ သူတို့ရရှိသောကယ်တင်ခြင်းတရား သည် ထာဝရအတွက်လုံလောက်သည်ဟု အာမခံချက်ရှိပါသည်။ သမ္မာကျမ်းစာထဲတွင် ကယ်တင်ခြင်း သည် ထာဝရလုံခြုံမှုရှိကြောင်းကို ဖော်ပြချက်များစွာရှိသည်ကို တွေ့ရှိနိုင်သည်။ (က) ရောမ၊ ၈း၃၀ တွင် “ထိုသို့ခွဲခန့်မှတ်သားနှင့်သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူသောသူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏” ဟုဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရွေးကောက်သော အချိန်မှစ၍ သူကျိမ်းဝပ် တော်မူသော ကောင်းကင်ဘုံမှာ ကျွန်ုပ်တို့ကို ချီးမြှောက်သည်ဟု ဤကျမ်းပိုဒ်က ဖော်ပြထားပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းစိတ်ချမှုကို ကောင်းကင်ဘုံတွင် ထားရှိခဲ့ပြီဖြစ်သော ကြောင့် တနေ့နေ့ကျရင် ယုံကြည်သူများအား ဘုရားသခင်၏ချီးမြှောက်ခြင်းကို ဘယ်သူကမှ ပိတ်ပင် တားဆီးနိုင်မည်မဟုတ်ပေ။ လူတစ်ဦးသည် ဖြောင့်မတ်ခြင်းရရှိသောအခါ ထိုသူ၏ကယ်တင်ခြင်းသည် လည်း ထာဝရစိတ်ချလုံခြုံမှုရှိသည်။ ထိုသူသည် ကောင်းကင်နိုင်ငံတော်တွင် ချီးမြှောက်ခြင်းခံရပြီဖြစ် သောကြောင့် ထိုသူရရှိသော ကယ်တင်ခြင်းသည် လုံခြုံစိတ်ချမှုရှိသည်။

(ခ) ရောမ၊ ၈း၃၃-၃၄ တွင် တမန်တော်ရှင်ပေါလုက အရေးကြီးသော မေးခွန်းနှစ်ခုကို မေးမြန်းထားပါသည်။ “ဘုရားသခင်ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည် အပြစ်တင် မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား၊ ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား၊ အဘယ်သူနည်း။ အသေခံ၍ ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော် ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်းသောသူကား၊ ခရစ်တော်ပေတည်း”။ အဘယ်သူသည် ဘုရားသခင်၏ ရွေးကောက်ခြင်းကို ဆန့်ကျင်နိုင်မည်နည်း။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုယ်စား ရှေ့နေလိုက်ပေးသောကြောင့် မည်သူမည်ဝါက ဘုရားသခင်၏ရွေးကောက်ခြင်းကို ဆန့်ကျင်နိုင်မည် မဟုတ်ပေ။ မည်သူက ကျွန်ုပ်တို့ကို တရားစီရင်နိုင်မည်နည်း။ ကျွန်ုပ်တို့အတွက် အသေခံသော သခင်ယေရှုခရစ်တော် သည် တရားစီရင်သူဖြစ်သောကြော် မည်သူမည်ဝါက ကျွန်ုပ်တို့ကို တရားစီရင် နိုင်မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကယ်တင်ရှင်သည် ကျွန်ုပ်တို့ကိုယ်စား ရှေ့နေလိုက်ပေးသူနှင့် လူတိုင်းကို တရားစီရင်မည့်တရားသူကြီးဖြစ်သည်။

(ဂ) လူတွေက သခင်ယေရှုကို ယုံကြည်သောအခါ ဒုတိယမွေဖွါးခြင်းရရှိသည် (ယော၊ ၃း၃၊ တိတု၊ ၃း၅)။ ခရစ်ယာန်တစ်ဦးအနေဖြင့်၊ မိမိရရှိသော ကယ်တင်ခြင်း ဆုံးရှုံးနိုင်လျှင် ထိုသူသည် ကယ် တင်ခြင်းစိတ်ချမှု မရရှိခြင်းဖြစ်သည်။ သမ္မကျမ်းစာထဲတွင် ဒုတိယမွေးဖွါးခြင်းသည် ကုန်းဆုံးနိုင်မည် ဟု ဖော်ပြချက်မရှိပေ။ (ဃ) သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများထဲတွင် ကျိမ်းဝပ်လျက် ရှိ၍ (ယော၊ ၁၄း၁၇၊ ရောမ၊ ၈း၉)၊ ယုံကြည်သူများကို ခရစ်တော်၏ခန္ဓာကိုယ်ထဲ၌ ဗတ္တိဇံ ပေးလျက်ရှိ သည် (၁ကော၊ ၁၂း၁၃)။ ယုံကြည်သူတစ်ဦးသည် ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်လျှင် ထိုသူ၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော်မကျိမ်းဝပ်ခြင်း၊ ခရစ်တော်၏ခန္ဓာကိုယ်မှ နှုတ်ပစ်လိုက်ခြင်းဖြစ်ပါသည်။

(င) ယော၊ ၃း၁၅ ထဲတွင် သခင်ယေရှု ခရစ်တော်ကို ယုံကြည်သောသူအပေါင်းတို့သည် “ထာ ၀ရအသက်” ရရှိလိမ့်မည် ဟုဖော်ပြထားပါသည်။ မိတ်ဆွေသည် ယနေ့ကယ်တင်ခြင်းစိတ်ချမှု ရရှိခဲ့ပြီး၊ မနက်ဖြန် ဆုံးရှုံးသွားလျှင် “ထာဝရ” ဟု မခေါ်နိုင်ပေ။ ထို့ကြောင့်မိတ်ဆွေသည် မိမိရရှိခဲ့ သော ကယ်တင်ခြင်းတရားကို ဆုံးရှုံးနိုင်လျှင် သမ္မာကျမ်းစာထဲ၌ ဖော်ပြထားသော ထာဝရအသက် တွက် ဂတိပြုထားချက်တို့သည် မှားယွင်းခြင်းသက်သက် ဖြစ်ပါသည်။ (စ) ဤအကြောင်းအရာနှင့် ပတ်သက်၍ နောက်ဆုံးအနေဖြင့် သမ္မာကျမ်းစာဖော်ပြချက်ကို အကောင်းဆုံးကြည့်ကြပါစို့။ “အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အား ဖြင့်၊ ခံရသောဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏” (ရောမ၊ ၈း၃၈-၃၉)။ မိတ်ဆွေကို ကယ်တင်သောဘုရားသည် မိတ်ဆွေကို စောင့်ရှောက်သောဘုရား သခင်ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်ကြိမ်ကယ်တင်ခြင်းစိတ်ချမှုရရှိလျှင် ထာဝရအတွက် လုံလောက် သည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ထာဝရအတွက်လုံခြုံစိတ်ချမှုရှိသည်။